Local News

မန္တလေးတိုင်းဒေသကြီးတွင် ဖွင့်လှစ်ပြီးကုန်စည်ဒိုင်များ၏ စျေးနှုန်းနှင့် ရောင်းဝယ်မှုအခြေအနေ

Last Updated:

မန္တလေးတိုင်းဒေသကြီးတွင် ဖွင့်လှစ်ပြီး ကုန်စည်ဒိုင် (၈) ခု အနက် ဆန်စပါးကုန်စည်ဒိုင် တွင် အရောင်းအဝယ် မဖြစ်ခဲ့သော်လည်း တောင်သာ ကုန်စည်ဒိုင်တွင် ယခင်က အရောင်းအဝယ် ဖြစ်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလမှစပြီး အရောင်းအဝယ်ရပ်နားခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီး တွင် လက်ရှိအရောင်းအဝယ်ဖြစ်နေသည့် ကုန်စည်ဒိုင်များ၏ ဈေးနှုန်းအခြေအနေများမှာ -

(က) မန္တလေးကထိန်တော်အသင်းကုန်စည်ဒိုင်။  မန္တလေးကုန်စည်ဒိုင်တွင် ယခုတစ်ပတ် ပဲတီစိမ်း(အညာ)၊ပဲပုပ်(ရှမ်း)၊နှမ်းဖြူနှင့် နှမ်းနက် (စမုံ) စျေးငြိမ်နေပြီး၊ မတ်ပဲ(သစ်)၊ ပဲယင်း၊ ပဲလွန်းဖြူ၊ ကုလားပဲဖြူလုံးကြီး၊ မြေထောက်ပဲ၊ စျေးတက်ခဲ့ပါသည်။ ကျန်သီးနှံများ စျေးနှုန်းကျဆင်းခဲ့ပြီး၊ အရောင်းအဝယ်ဖြစ်မှုမှာ ယခင်တစ်ပတ်ထက် ပိုမိုခဲ့ပါသည်။

( ခ)  မန္တလေးသကြားနှင့်သကာရည်ကုန်စည်ဒိုင်။ မန္တလေးသကြားနှင့်သကာရည် ကုန်စည်ဒိုင်တွင် ယခုတစ်ပတ် သကြားစျေးငြိမ်နေပြီး၊ အရောင်း အဝယ်ဖြစ်မှုူမှာ ယခင် တစ်ပတ်ထက် လျော့နည်းခဲ့ပါသည်။ 

( ဂ)    မိတ္ထီလာကုန်စည်ဒိုင်။      မိတ္ထီလာကုန်စည်ဒိုင်တွင် ယခုတစ်ပတ် ကြက်သွန်နီစျေး ကျခဲ့ပြီး၊ ၊ အရောင်းအဝယ် ပုံမှန်ဖြစ်ခဲ့ပါသည်

(ဃ) မြင်းခြံကုန်စည်ဒိုင်။ မြင်းခြံကုန်စည်ဒိုင်တွင် ယခုတစ်ပတ် ကုလားပဲဖြူလုံးကြီး၊ နှမ်းဖြူ၊ ပဲစဉ်းငုံ၊ ပဲတီစိမ်းနှင့် မတ်ပဲစျေးတက်ခဲ့ပါသည်။ ကျန်သီးနှံများ စျေးနှုန်းကျ ဆင်းခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုအခြေအနေမှာ ယခင်တစ်ပတ်ထက် လျော့နည်းခဲ့ ပါသည်။

Category: Local News